Shwenewsss Text and display ads

သူစိမ်းအဖိုးတစ်ယောက်ရဲ့ ဘဝကိုကူညီပြီး နွေးထွေးမှုတွေ ပေးခဲ့တဲ့ ပိုင်တံခွန်

 ဒေါင်ကောင်းကောင်းနဲ့ မော်ဒယ်မင်သား ပိုင်တံခွန်တစ်ယောက်ကတော့ အသက် ၇၅ နှစ်အရွယ် အဖိုးတစ်ယောက်ရဲ့ဘဝကို အတိုင်းအတာတစ်ခုအထိ ကူညီပေးခဲ့ကြောင်း သိရှိရပါတယ်။
 လူသိများ အောင်မြင်လာနေတဲ့ တက္ကသိုလ်ကျောင်းသားလေး အသက် ၂ဝ အရွယ် ပိုင်တံခွန်က သူ့ရဲ့ကူညီမှုလေးကို လူမှုကွန်ယက် စာမျက်နှာပေါ်ကနေ မျှဝေပေးထားတာလည်းဖြစ်ပါတယ်။
 သြဂုတ်လ ၂၇ ရက် ညပိုင်းက သူ့ရဲ့စာမျက်နှာကနေပြီ ”ဦးသန်းဝင်း လို့ခေါ်တဲ့ အသက် ၇၅ နှစ်အဖိုးတယောက်ပါ”ဓာတ်ပုံနှင့်တကွ တင်ထားတာဖြစ်ပါတယ်။
 ”တနေ့ကျနော်အခွေသွားဝယ်တော့ ကားပါကင်ထိုးမဲ့ သူတွေကို တစီးပြီး တစ်စီး နေရာပြပြီး တုန်ချိတုန်ချိနဲ့ အလုပ်လုပ်နေတဲ့ အဖိုးကို မြင်တော့ စိတ်ထဲမကောင်းဖြစ်မိတယ်။ အဘိုးက ချောင်းလည်းဆိုးနေတော့ ကျနော် ချက်ချင်း ကားရပ်ပြီး အဖိုးဆီသွားပြီးစကားတွေပြောဖြစ်တယ်။ သားသမီးလည်းမရှိဘူး။ နေမကောင်း ဖြစ်နေတော့ ကျနော်လည်း ဆေးဖိုးတွေ လှူခဲ့တယ် နေမကောင်း ဖြစ်ရင် ဆက်သွယ်ဖို့ ဖုန်း နံပါတ်တွေလည်းပေးခဲ့တယ်။
 ဒီနေ့မနက် ကျနော် အလုပ်မှာ စကားပြောနေတုန်းအဖိုးဆီက ဖုန်းဝင်လာတယ် “သားတဲ့ အဖိုးအခု အရေးပေါ်ကုသဆောင်မှာ ချောင်းဆိုးတာသွေးတွေပါပြီး နေမကောင်းဖြစ်နေတယ်တဲ့” အသံတိုးတိုးလေးကြားတော့ ကျနော်လည်း စိတ်ပူပြီး အလုပ်တွေရပ်ပြီး ချက်ချင်းဆေးရုံကိုလိုက်သွားခဲ့တယ် ကုတင်ပေါ်မှာလှဲနေတဲ့ အဖိုးကို မြင်လိုက်ရတော့စိတ်မကောင်းဘူး ။
 အဖိုး ကျနော် ကို မြင်တော့ ပျော်နေရှာတယ်။
ကျနော်အဓိက ပြောပြချင်တာလေးတခုက ကျနော်တို့ ပတ်ဝန်းကျင်တွေမှာ အသက်အရွယ် အိုမင်းလှပြီးဆွေမျိုးသားချင်းတွေမရှိတဲ့ အဘိုးအဘွားတွေရှိပါတယ်။ သူတို့ နာမကျန်းဖြစ်တဲ့ အခါမှာ နွေးထွေးမှုဆိုတဲ့ ကမ်းလက် လေးတွေ သူတို့မျှော်လင့်နေမိမယ်ထင်ပါတယ်။
 ကျနော်လည်း တာဝန်ကျဆရာဝန် နဲ့ အဖိုးအတွက်လိုအပ်တဲ့ ဓာတ်မှန်တွေရိုက်ပေး (သွေး၊ဆီး၊အဆုတ် ၊နှလုံး) စစ်ဆေးမှုတွေ လုပ်ပေးပြီး ပြသခဲ့တယ် ။အခုတော့ အဖိုးကျန်းမာနေပြီ အဖိုးအတွက် ဆေးဝါးကုသမှုတွေ လိုအပ်တဲ့ ပစ္စည်းတွေနဲ့ ကျနော်စုထားတဲ့အနုပညာကြေးလေးတွေထဲက ထောက်ပံ့ငွေကြေးလေး နိုင်သလောက် ကျနော်လှူခဲ့တယ်ဗျာ ။
 အဘိုးကလည်း ကျနော်ကို ဘုရားတရားမမေ့ဖို့မှာတယ်။  အခုမှဘဲ စိတ်ပေါ့ပြီး လတ်ဆတ်တဲ့လေလေးကို ရှူရတော့တယ် ”
 မင်းသားချောပိုင်တံခွန်ရဲ့ မွန်မြတ်တဲ့ စိတ်ထားလေးက လူတွေ အတုယူဖို့ကောင်းပါတယ်။ ဒီစာလေးတွေ ဖတ်ရရင်တောင် ကြည်နူးရတာ။ တကယ်လုပ်ကြည့်မယ်ဆိုရင်တော့ တကယ်ကို ပျော်စရာကောင်းမှ အမှန်ပါပဲ။ စိတ်ချမ်းသာချင်ရင်တော့ ဒီလိုအလုပ်ကလေးတွေ လိုက်လုပ်ကြည့်သင့်တယ်လို့ ထင်မိပါတယ်။

Credit PannPwint