moa

ရုပ်ရှင်သရုပ်ဆောင်ခိုင်နှင်းဝေ ယာဉ်တိုက်မှု - ကနဦးသတင်း




ဖေဖော်ဝါရီ ၁ရက်​​နေ့ ည ၁၁နာရီ ၄၀ မိနစ်​ အချိန်ခန့်က သရုပ်​​ဆောင်​ ခိုင်​နှင်း​ဝေ ကားအက်​ဆီးဒင့်​ဖြစ်​ခဲ့တယ်​လို့ သိရပါတယ်​။

သူမရဲ့ အိမ်​အပြန်​လမ်းဖြစ်​တဲ့ သာ​ကေတ - အ​နော်​မာလမ်းမှာဖြစ်​ခဲ့တဲ့ ဒီအ​ကြောင်းအရာနဲ့ပတ်​သတ်​ပြီး ခိုင်​နှင်း​ဝေက အကုန်​သိသတင်းဌာနကို အခုလို ပြောပါတယ်​။



"ဒီနေ့တစ်ရက်က ရှုတင်​ မရှိ​တော့ အ​မေ့ကို​ဆေးခန်းလိုက်​ပို့​ပေးပြီး။ စစ်​ကိုမုန်း၍တိုက်​ခဲ့သည်​ ဇာတ်​ကားထဲမှာပါတဲ့သူ ​တွေ ​နေမင်း ၊ သွန်းဆက်​တို့နဲ့ ​ဟော့​ပေါ့ စားပြီးအပြန်​ အ​နော်​မာလမ်းမှာဖြစ်​တာပါ။ အပြန်​လမ်းမှာ လူတစ်​​ယောက်​က ကားတိုက်​ခံရလို့ ​သေ​နေတာ။ လူရှုပ်​​နေ​တော့ ကားကို​ဖြည်းဖြည်း​မောင်းဖို့​ပြောတာနဲ့ အရှိန်လျှော့ပြီး လမ်းဘေးကို ထိုးရပ်ခါနီးအ​နောက်​က သဲ​တွေ​ကျောက်​​တွေ သယ်​တဲ့ကားက အရှိန်ပြင်းပြင်းနဲ့​​​တိုက်​လိုက်​​တော့ ​​အ​ရှေ့က taxi ကိုပါ အရှိန်မထိန်းနိုင်ပဲ​​​​ဝင်​တိုက်​မိပါတယ်​။ အ​စောကတည်းက လူတစ်​​ယောက်က ကားတိုက်​ခံရလို့​သေ​နေ တာပါ။ အေ​​နာက်က ကားကအရှိန်နဲ့တိုက်​တော့ ကားသုံးဆင့်​တိုက်သလို ဖြစ်​သွားတာပါ။အခု​တော့ တစ်​ကိုယ်​လုံး နာ​နေတယ်​။ အ​မေက​တော့ နှာ​ခေါင်းနည်းနည်းထိတယ်​။ အိမ်​က​ကောင်​မ​လေးက တံ​တောင်​ဆစ်​ ပွန်းတာတာ​လောက်​ပါပဲ"လို့ သူမက​ပြောပါတယ်​။

Credit - အကုန်သိ သတင်းဌာန နွယ်ဏီ